ဂျာနယ်ကျော်မမလေး (သွေး) Vendor: ORI Books Store 18,500 K Qty: Add to cart Ship to Select country Myanmar * Other * Shipping Method Name Estimated Delivery Price No shipping options Apply Custom wishlist OK Add to wishlist Add to compare list Email a friend စာရေးသူ၏ အမှာ စစ်ပြီးစ ဂျပန်ပြည်သို့ ကျွန်မ ရောက်သွားသည်။ စစ်ပြီး၍ ဆယ်နှစ်ကြာ သောအခါ၌ ဂျပန်ပြည်သို့ ဒုတိယတစ်ခေါက် ထပ်ရောက်ပြန်သည်။ ဂျပန်မှ ပြန်ကတည်းက စစ်နှင့် ပတ်သက်သော ဂျပန်ဝတ္ထုတစ်ပုဒ် ရေးရန် စိတ်ကူးမိသည်မှာ ကြာခဲ့ပေပြီ။ ‘ရင်နင့်အောင်မွှေး’ စာအုပ် ထုတ်ပြီးနောက် ဤဝတ္ထုကို ဆက်ရေးရန် ကြော်ငြာထားသော်လည်း မရေးဖြစ်ပေ။ ဤ ‘သွေး’ ဝတ္ထုကို အချိန်ယူ၍ ရေးရန် အာသီသရှိခြင်းကြောင့် အချိန်အား ကို စောင့်လာခဲ့သည်။ အချိန်ပို၊ အချိန်အား ကျွန်မ၌ မရှိချေ။ ဝတ္ထုကို စာမျက်နှာ ၅၀ ခန့် စရေးထားပြီးနောက် ပစ်ထားခဲ့ရာ တစ်လပြီးတစ်လ ကုန်သာသွားသော်လည်း ဆက်မရေးနိုင်ပေ။ ဝတ္ထုပြီးမြောက်ရေးအတွက် မဂ္ဂဇင်းတစ်စောင်တွင် အခန်းဆက် ရေးပါမှ မပြီးမနေ ရေးရတော့မည်ဖြစ်၍ ရေးဖြစ်စေရန် ဘယ့်နှယ်ရှိရှိဟု ရှုမဝ မဂ္ဂဇင်း တိုက်သို့ စာမျက်နှာ ၅၀ ခန့် စရေးထားသော စာမူလေးကို သွားပို့လိုက်သည်။ ရှုမဝ၌ တစ်ပတ်ပါပြီးနောက် လစဉ်ပါရန် ကျွန်မ ရေးရပုံမှာ စိတ်အေး လက်အေး အချိန်အားယူ၍ ကိုယ်တိုင်ရေးရပုံမျိုး မဟုတ်ဘဲ လစဉ်လတိုင်း အချိန် နီးလာလျှင် ကျွန်မအနား၌ လူတစ်ယောက်ထား၍ ကျွန်မနှုတ်က ဆီမန်း မန်းသလို နုတ်တိုက်ရွတ်သမျှ လိုက်ရေးပေးသော စာမူများကို မဂ္ဂဇင်းတိုက်သို့ အချိန်မီ ပို့ခဲ့ရသည်ချည်း ဖြစ်သည်။ ယခု စာအုပ် ပြန်ရိုက်တော့မှပင် မဂ္ဂဇင်း၌ လစဉ်ပါအောင် ဖုတ်ပူမီးတိုက်ရေးခဲ့သမျှကို ပြန်၍ဖတ်ရှုစစ်ဆေးရလျက်ပြန်လည်၍တည်းဖြတ်ရိုက်နှိပ်ရပေသည်။ ဂျာနယ်ကျော်မမလေး 7-7-73 Overview Reviews Contact Us စာရေးသူ၏ အမှာ စစ်ပြီးစ ဂျပန်ပြည်သို့ ကျွန်မ ရောက်သွားသည်။ စစ်ပြီး၍ ဆယ်နှစ်ကြာ သောအခါ၌ ဂျပန်ပြည်သို့ ဒုတိယတစ်ခေါက် ထပ်ရောက်ပြန်သည်။ ဂျပန်မှ ပြန်ကတည်းက စစ်နှင့် ပတ်သက်သော ဂျပန်ဝတ္ထုတစ်ပုဒ် ရေးရန် စိတ်ကူးမိသည်မှာ ကြာခဲ့ပေပြီ။ ‘ရင်နင့်အောင်မွှေး’ စာအုပ် ထုတ်ပြီးနောက် ဤဝတ္ထုကို ဆက်ရေးရန် ကြော်ငြာထားသော်လည်း မရေးဖြစ်ပေ။ ဤ ‘သွေး’ ဝတ္ထုကို အချိန်ယူ၍ ရေးရန် အာသီသရှိခြင်းကြောင့် အချိန်အား ကို စောင့်လာခဲ့သည်။ အချိန်ပို၊ အချိန်အား ကျွန်မ၌ မရှိချေ။ ဝတ္ထုကို စာမျက်နှာ ၅၀ ခန့် စရေးထားပြီးနောက် ပစ်ထားခဲ့ရာ တစ်လပြီးတစ်လ ကုန်သာသွားသော်လည်း ဆက်မရေးနိုင်ပေ။ ဝတ္ထုပြီးမြောက်ရေးအတွက် မဂ္ဂဇင်းတစ်စောင်တွင် အခန်းဆက် ရေးပါမှ မပြီးမနေ ရေးရတော့မည်ဖြစ်၍ ရေးဖြစ်စေရန် ဘယ့်နှယ်ရှိရှိဟု ရှုမဝ မဂ္ဂဇင်း တိုက်သို့ စာမျက်နှာ ၅၀ ခန့် စရေးထားသော စာမူလေးကို သွားပို့လိုက်သည်။ ရှုမဝ၌ တစ်ပတ်ပါပြီးနောက် လစဉ်ပါရန် ကျွန်မ ရေးရပုံမှာ စိတ်အေး လက်အေး အချိန်အားယူ၍ ကိုယ်တိုင်ရေးရပုံမျိုး မဟုတ်ဘဲ လစဉ်လတိုင်း အချိန် နီးလာလျှင် ကျွန်မအနား၌ လူတစ်ယောက်ထား၍ ကျွန်မနှုတ်က ဆီမန်း မန်းသလို နုတ်တိုက်ရွတ်သမျှ လိုက်ရေးပေးသော စာမူများကို မဂ္ဂဇင်းတိုက်သို့ အချိန်မီ ပို့ခဲ့ရသည်ချည်း ဖြစ်သည်။ ယခု စာအုပ် ပြန်ရိုက်တော့မှပင် မဂ္ဂဇင်း၌ လစဉ်ပါအောင် ဖုတ်ပူမီးတိုက်ရေးခဲ့သမျှကို ပြန်၍ဖတ်ရှုစစ်ဆေးရလျက်ပြန်လည်၍တည်းဖြတ်ရိုက်နှိပ်ရပေသည်။ ဂျာနယ်ကျော်မမလေး 7-7-73 Write your own review Only registered users can write reviews Review title: * Review text: * Rating: Bad Excellent Submit review Your name * Your email * Enquiry * Submit